

ကောင်းသောသိုးထိန်း၏စကားကို နားထောင်ခြင်း
ဖုန်းမှတစ်ဆင့် ငွေလွှဲငွေထုတ်လုပ်ဆောင်သည့် ကျွန်မ၏အွန်လိုင်းဘဏ်အက်ပ်ကိုဖွင့်ကြည့်ရာ ကျွန်မ မထုတ်ဘဲ ဒေါ်လာ ၅၀၀ ကျော် ငွေထုတ်သည့် လုပ်ဆောင်မှုနှစ်ခုကို တွေ့လိုက်ရသည်။ ထိတ်လန့်စွာနှင့် ဘဏ်သို့ဖုန်းဆက်ရာ၊ ကျွန်မ၏အထောက်အထားများ အခိုးခံရသည်ကို တွေ့ရှိခဲ့သည်။ ဘဏ်၏အကူအညီဖြင့် မူလအနေအထားအတိုင်း ပြန်လည်ရရှိသော်လည်း နောင်တွင် ထိုသို့သောခိုးယူမှုများကို သတိရှိရန် အတွေ့အကြုံက သင်ပေးခဲ့သည်။
ယော ၁၀:၁၀ တွင် ယေရှုက “သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှာသာ လာတတ်၏”ဟုသတိပေးထားသည်။ ဥပုသ်နေ့တွင် လူနာများအား ကုသ ပေးခြင်း (၉:၁၃-၁၅)ကို ဆန့်ကျင်သည့် ဘာသာရေးခေါင်းဆောင်များအား သခင်ယေရှုက ပြင်းထန်စွာ အပြစ်တင်ဆုံးမလျက် ခိုးခြင်း၊ သတ်ခြင်းနှင့် ဖျက်ဆီးခြင်းဟူသည့် ထိုသူတို့၏ ရည်ရွယ်ချက်များကို ထုတ်ဖော်ခဲ့သည်။ ကျွန်မတို့၏ဝိညာဉ်ရေးရန်သူစာတန်သည် ဘုရားသခင်၏ကျေးဇူးတော်ကို ကျွန်မတို့နားလည် လက်ခံခြင်း၊ ယေရှု၏သေခြင်းက ယူဆောင်လာသည့် လွတ်မြောက်ခြင်းတို့ကို ခိုးယူရန် ကြံစည်နေသည်။ ထိုကျမ်းပိုဒ်၏ အစပိုင်းတွင်…

ဘုရားသခင်၏ ကြီးမြတ်ခမ်းနားမှုကို မြင်တွေ့ခြင်း
၁၉ ရာစု ကဗျာဆရာနှင့် စာပေပညာရှင် ဂျရတ် မန်လေ ဟော့ပ်ကင်းစ် (Gerard Manley Hopkins)၏ “ဘုရားသခင်၏ကြီးမြတ်မှု”(God’s Grandeur)အမည်ရှိ ၁၄ ကြောင်းကဗျာတွင် ဖန်ဆင်းခြင်း၌ “ဘုရားသခင်၏ကြီးမြတ်မှု”များ ပြည့်နှက်စွာ “အားဖြည့်ထားခြင်း”ကို နည်းလမ်းပေါင်းစုံဖြင့် ချီးမွမ်းဂုဏ်ပြုထားသည်။ ဟော့ပ်ကင်းက ဘုရားသခင်၏အံ့မခန်းဘုန်းတော်သည် “လှုပ်ယမ်းလိုက်သော သတ္တုပြားမှ ထွက်ပေါ်လာသည့် အလင်းရောင်ကဲ့သို့” တောက်ပလျက်ရှိကြောင်း ဖော်ပြခဲ့သည်။ သို့သော် ဘုရားသခင်၏အလှတရားသည် ဤမျှထင်ရှားတောက်ပနေပါလျက်နှင့် လူများစွာတို့ အဘယ်ကြောင့် သတိမထားမိဘဲ လွဲချော်နေကြသနည်း။ လူသားဘဝတွင် အရာရာကို “လူ၏အညစ်အကြေး”၊ “လူ၏အနံ့အသက်”များဖြင့် ဖုံးလွှမ်းထားသောကြောင့် မိမိတို့ကိုယ်တိုင်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ မမြင်နိုင်တော့ခြင်း ဖြစ်သည်ဟု ဟော့ပ်ကင်းက အကြောင်းပြခဲ့သည်။
ဆာလံကျမ်း ၁၀၄ သည်လည်း ဖန်ဆင်းခြင်းလောကရှိ ဘုရားသခင်၏တင့်တယ်ခြင်းကို ချီးမွမ်းထားသည်။ ဆာလံဆရာက ဘုရားသခင်သည် “ဘုန်းတန်ခိုးအာနုဘော်နှင့် တန်ဆာဆင်”လျက်(:၁)၊ လေ၊ မီးလျှံ (:၄)၊ မိုးချိန်းသံနှင့် လှိုင်းတံပိုးများ…

ဘုရားသခင်၌ ကောင်းသောမြေဖြစ်ခြင်း
နှစ်စဉ် နွေဦးနှောင်းပိုင်းတွင် ခြံထဲ၌ သခွားစေ့များကို ကျွန်မပျိုးခဲ့သည်။ အစေ့များမအရွက်များ အလျင်အမြန် ထွက်လာတတ်သော်လည်း အသီးသီးရန်မှာမူ အချိန်ယူရသည်။ စင်စစ်၊ နွေရာသီတွင် အစေ့များကို ရေလောင်းပြီး စောင့်ဆိုင်းနေရင်း “သခွားသီး သီးပါ့မလား”ဟု သံသယဖြစ်ခဲ့မိပြီး၊ “အစေ့တွေကို စိပ်စိပ်လေး စိုက်မိလို့လား၊ ဒါမှမဟုတ် စိုက်တဲ့အချိန်တုန်းက မြေကြီးက မနွေးသေးလို့လား”ဟု တွေးနေခဲ့မိသည်။ သို့သော် တစ်နေ့တွင် အစိမ်းရောင် အဖူးအငြှောင့်လေးတစ်ခုကို စတင်တွေ့လိုက်ရသည်။ နောက်အပတ်တွင် အငြှောင့်လေးများ တစ်ခုပြီးတစ်ခု ထွက်လာသည်။ ဤနောက်တွင် အပင်ကြီးထွားလာပြီး၊ နွယ်ချည်းသာ ရှိနေရာမှ တစ်ပတ်စာ သုပ်စားရန် လောက်ငသော အသီးများခူးဆွတ်ခဲ့ရသည်။
ဝိညာဉ်ရေးရာ ကြီးထွားမှုသည်လည်း တစ်ခါတစ်ရံ ထိုသို့ပင် ဖြစ်သည်။ စိတ်ရှည်ခြင်း၊ ကိုယ်ကိုကိုယ် ချုပ်တည်းခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် ချစ်ခြင်းမေတ္တာ (ဂလာ ၅:၂၂-၂၃ ကိုကြည့်ပါ) စသည့် ကျွန်မတို့ ဆုတောင်းသောအရာများကို အမြဲတမ်း…
ရိတ်သိမ်းချိန်ကို စောင့်ဆိုင်းခြင်း
၁၉၆၂ ခုနှစ်တွင် ဂျိုအန် ရှက်တလာ (Joanne Shetler) နှင့် အန်း ဖက်ဇာ (Anne Fetzer) တို့သည် ယေရှုအကြောင်း တစ်ခါမျှ မကြားဖူးသူများထံ ဧဝံဂေလိတရား ဝေငှရန်အတွက် ဖိလစ်ပိုင်နိုင်ငံ၏ ကြမ်းတမ်းသော တောင်တန်းများဆီသို့ ဘတ်စ်ကားဖြင့်တစ်မျိုး၊ ခြေကျင်ဖြင့်တစ်ဖုံ ခက်ခဲပင်ပန်းစွာ ခရီးနှင်ခဲ့ကြသည်။
ထိုဒေသခံဘာသာစကားဖြင့် ငါးနှစ်တိုင်တိုင် ကျမ်းစာကို သူတို့ ဘာသာပြန်ဆိုခဲ့ကြသော်လည်း ဘာလန်ဂါအို (Balangao) ရွာသားများက စိတ်ဝင်စားမှု မရှိပါ။ သို့သော်လည်း လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများကို လေယာဉ်ဖြင့် ပို့ဆောင်နိုင်ရန် ရိုးရှင်းသော လေယာဉ်ကွင်းငယ် ဆောက်လုပ်ရာတွင်မူ ရွာသားများက ကူညီခဲ့ကြသည်။ တစ်နေ့တွင် “အခြားကမ္ဘာမှမှော်အတတ်”ဟု ရွာသားများ တင်စားခေါ်ဆိုသော လေယာဉ်ဖြင့်၊ အသက်အန္တရာယ် စိုးရိမ်ဖွယ် ဖျားနာနေသော ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အဝေးရှိ ဆေးခန်းတစ်ခုသို့ ပျံသန်းပို့ဆောင်ပေးခဲ့သည်။ ထိုအမျိုးသမီးသည် ကျန်းမာစွာဖြင့် မွေးကင်းစကလေးငယ်ကို ပိုက်လျက်…

ဘုရားသခင်ကို သိသောဉာဏ် တိုးပွားခြင်း
ရေကူးကန်ထဲ ခုန်ချလိုက်သည်နှင့် တစ်ပြိုင်နက် ရေကူးမျက်မှန်ထဲသို့ ရေများဝင်လာပြီး ဘာမှကောင်းကောင်း မမြင်ရတော့ပါ။ စနစ်တကျ ရေကူးသင်ကြားဖူးခြင်း မရှိသော်လည်း စိတ်ကူးပေါက်၍ ကျွန်တော် ရေကူးဝင်ပြိုင်ခဲ့ပြီး၊ ဇွဲမလျော့ဘဲ နှစ်ကျော့ပြည့်အောင် မနည်းကြိုးစား၍ ကူးခဲ့ရသည်။ သို့သော် နှစ်အတော်ကြာပြီးနောက်တွင် သင်တန်းတက်ပြီး မှန်ကန်သောအသက်ရှူနည်းနှင့် ရေကူးနည်းများကို သင်ယူကာ ပြိုင်ပွဲဝင်ရေကူးနည်း ၄ မျိုးစလုံးကို ပျော်ရွှင်စွာ သင်ယူနိုင်ခဲ့ပါသည်။
စနစ်တကျ လေ့ကျင့်မှုရှိခြင်း၊ မရှိခြင်း၏ ကွာခြားချက်ကို တွေးကြည့်နိုင်ပါသည်။ သမ္မာကျမ်းစာ ဖတ်ရှုရာတွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့ ဖတ်ရှုနေသည့်အရာ၏ နောက်ခံအကြောင်းအရာနှင့် အဓိပ္ပာယ်ကိုနားလည်သောအခါ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ကြီးထွားလာနိုင်ပြီး ဘဝတွင် မှန်ကန်စွာ လက်တွေ့အသုံးချနိုင်မည်ဖြစ်သည်။
ရှင်ပေါလုက တိမောသေအား ငြင်းခုံခြင်းများကို ရှောင်ကြဉ်ပြီး အတုယောင်ဆရာများ၏ လှည့်ဖြားမှု မခံရရေး သူ၏ယုံကြည်ခြင်း၌ ခိုင်မြဲစေလိုသည်။ သူ၏နောက်ဆုံးပေးစာတွင် တမန်တော်ပေါလုက တိမောသေအား သမ္မာကျမ်းစာကို…